မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျမှုကြာင့် ပျက်စီးခဲ့သည့်နေအိမ်အား ထောက်ပံ့ငွေပေးအပ်
Oct 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျမှုကြောင့် ပျက်စီးသွားခဲ့သည့် မလွန်ကျေးရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁) လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ သည်။