သတင်းများ

ချောင်းဆုံမြို့နယ် ကမာမို (အ.ထ.ကခွဲ) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့
Oct 18,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ဆက်၊ အား/ကာ၊ ဘေး/စီမံ) ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ချောင်းဆုံမြို့နယ် ကမာမို(အ.ထ.က)ခွဲကျောင်း ရွှေဟင်္သာခန်းမတွင် ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်မီးဖိုများပေးအပ်
Oct 18,2022
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည်တံတားဦးမြို့နယ် လက်ပန်ဇင်ကျေးရွာ အုပ်စုသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် အေဝမ်းမီးဖိုပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီက လက်ပန်ဇင်ကျေးရွာ အုပ်စု တောင်ကုန်းကျေးရွာ၌ ကျင်းပကြောင်းသိရသည်။
မန္တလေးမြို့တွင် ပုသိမ်ကြီးပန်းချီပညာရှင်များ၏PATHEIN GYI GROUP SHOWအမည်ရှိ စုပေါင်းပန်းချီပြပွဲကျင်းပ
Oct 18,2022
ပုသိမ်ကြီးမြို့နယ် ပန်းချီပညာရှင်များ၏ PATHEIN GYI GROUP SHOW စုပေါင်းပန်းချီပြပွဲကို ယနေ့နံနက်ပိုင်းကစတင်၍ Mandalay Hill Art Gallery ပန်းချီပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေး
Oct 18,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင်  Bakery နှင့် Birthday Cake ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲပြုလုပ်
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နေ့လယ်  ၂ နာရီ၌ Bakery နှင့်Birthday Cake ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များ အား မြေပြင်ကွင်းဆင်းစစ်ဆေး
Oct 18,2022
ရခိုင်ပြည်နယ်မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယနေ့နံနက် ၈ နာရီအချိန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကော့မှူး၌ နေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့များဖြန့်ဖြူးပေး
Oct 18,2022
၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့်တောင်သူများအား ဆီထွက်သီးနှံနေကြာမျိုးစေ့များ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးဆောင်ရွက်မည့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ စိုက်ခင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးဆောင်ရွက်မည့် တောင်သူများအား စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ပုသိမ်မြို့နယ် မြက်တိုစုပေါင်းရုံး အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန် တွင် ကျင်းပသည်။