သတင်းများ

လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည်
Oct 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်၌ (၁၅) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှုါန်းပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁)နာရီက အဆိုပါကျောင်း ဘာဝနာဆောင်တွင်ပြုလုပ်ကြောင်း သိရသည်။
မအူပင်မြို့နယ်တွင် နေကြာသီးနှံစိုက်ဧကပြည့်မီရေး တာဝန်ပေးအပ်ပွဲနှင့် အထွက်နှုန်း တိုးတက်ရေး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ စီမံကိန်းသီးနှံ (ဆောင်းနေကြာ) စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးအတွက် နေကြာသီးနှံစိုက်ဧက ပြည့်မီရေး တာဝန်ပေးအပ်ပွဲနှင့် အထွက်နှုန်းတိုးတက်ရေး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၇/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2022
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ ၏(၇/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသောစာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
လူဦးရေစာရင်းမြေပြင်စစ်ဆေးခြင်းနှင့် မဲစာရင်းမှန်ကန်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Oct 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင်  e - ID စနစ်ဖြင့် လူဦးရေစာရင်းမြေပြင်စစ်ဆေးခြင်းနှင့် မဲစာရင်းမှန်ကန်မှုရှိစေရေး ပူးပေါင်းဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်းနှင့်အဖွဲ့ဝင်များက အောက်တိုဘာ ၁၈ ရက်၊ နေ့(၁)နာရီခွဲက မြို့နယ်လဝကဦးစီးမှူးရုံးတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
တပ်ကုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအတွက် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပိုင်ရှင်များနှင့်အလုပ်သမားများအား အသိပညာပေးဆောင်ရွက်
Oct 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကလေးအလုပ်သမား ပပျောက်ရေးအတွက် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင် ပိုင်ရှင်များနှင့်အလုပ်သမားများအားတွေ့ဆုံ၍ အသိပညာပေးခြင်းလုပ်ငန်းကို  ယ​နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ် နိုးသူများအသင်း (Book Club)နှင့် ပူးပေါင်း၍ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
သိန္နီမြို့တွင် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များသည် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။