သတင်းများ

ကမမောင်းမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသ
Oct 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့အကြောင်းနှင့် ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၂)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Oct 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများ အား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ပြီး ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုး နှံပေးလျက်ရှိသည်။
အင်းစိန်မြို့နယ်၌ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိပြီး ပြည်သူများအား နှာခေါင်းစည်း(၁၃၀၀)ခု အခမဲ့ဖြန့်ဝေ
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် စားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က  အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊(က-၇)လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။
လိပ်သိုမြို့တွင် ကြက်ပေါင်သီးများပေါ်ချိန် အရောင်းအဝယ်ဖြစ်၍ ဆွတ်ခူးရောင်းချသူ ဒေသခံမိသားစုများ အပိုဝင်ငွေရရှိ
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး ဥယျာဉ်ခြံသီးနှံများကို  အဓိကစိုက်ပျိုးလျက်ရှိရာ ကျေးရွာအချို့ရှိ ဥယျာဉ်ခြံများတွင် သဘာ၀အလျောက် အလေ့ကျပေါက်ရောက်ရှင်သန်လျက်ရှိသော  ကြက်ပေါင်သီးများ အရောင်းအဝယ် ဖြစ်၍  လိုက်လံဆွတ်ခူးရောင်းချသူ ဒေသခံမိသားစုများ အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာမဒေါက်တာခင်စန်းမော်ရေးသားသည့် ပညာရှင်စိတ်ထား စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၄)လအထက်ရှိသူများအား ထပ်ဆောင်း ကာကွယ်ဆေးအဖြစ် ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉)နာရီအချိန်က ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့မနက် ၁၀ နာရီက စားသုံးသူရေးရာကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေခရီးနှင့် စာပေရေးရာဆွေးနွေးပွဲ (Talk Show)ကျင်းပ
Oct 18,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေုပြုဗဟိုဌာနတွင် ဆရာမကြီးနုနုကြည်(အမေ့အိမ်)၏ စာပေခရီးနှင့် စာပေရေးရာဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။