သတင်းများ

ပန်းတောင်းမြို့နယ်တွင် တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်းဖွင့်လှစ်
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် တောင်သူစိုက်ပျိုးနည်းပညာသင်တန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့နံနက်(၉:၀၀) အချိန်က သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Club နှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားထားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင် စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသည့် မိုးစပါးများဖြစ်ထွန်းအောင်မြင်
Oct 18,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌မိုး စပါးစိုက်ပျိုးရာ (၅၅၁၀၀) ဧကကျော်စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
သိန္နီမြို့တွင် (၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများသည်(၅၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်း(လေကောင်း) စေတီတော် မြတ်ကြီး၌ ဆွမ်းလောင်းပွဲကျင်းပ
Oct 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး နန်းပုလင်းကျေးရွာအုပ်စု၌  ဘုရင်နရပတိစည်သူ တည်ထားခဲ့သည့် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသည့် ရှေးဟောင်းသမိုင်းဝင် လွယ်ကောင်းစေတီတော်မြတ်ကြီး၌ ဒေသခံပြည်သူများက သံဃာတော်ကြီးများနှင့် သံမဏေတော်များကို ယနေ့နံနက်ပိုင်းတွင် ဆွမ်းလောင်းပူဇော်သည်။
သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား
သရက်ချောင်းမြို့နယ်တွင် ပေါ်ဦးပေါ်ဖျားကွမ်းသီးအလုံးများ စျေးကောင်းရရှိ
Oct 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်နေသူများနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်အပင်များနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြရာ နှစ်ရှည်အပင်အဖြစ် ကွမ်းသီးပင်ပေါ်ထွန်းချိန်အချိန်ကာလကို ရောက်ရှိလာ၍ ကွမ်းသီးပင်များမှ ပေါ်ဦးပေါ်ဖျားကွမ်းသီးအကျများ ရောင်းချရာမှ စျေးကောင်းရရှိခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် သီးပင်စားပင်များစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်မိသားစုပုံမှန်ဝင်ငွေရရှိ
Oct 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တုံစင့်ကျေးရွာတွင် တစ်ပိုင်တစ်နိုင်သီးပင်စားပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။