သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်ခရိုင်နှင့် အမ်းခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Oct 19,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင်နှင့် အမ်းခရိုင်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဝါးခယ်မမြို့နယ် ဘဲချောင်းကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြောပြိုင်ပွဲ ကျင်းပ       
Oct 19,2022
တောင်သာမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့  ပူးပေါင်း၍  ပုံပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ
Oct 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကသာမြို့၌  အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇)နာရီခွဲအချိန်က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေး ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
ကမာဝက်မြို့ရှိ ငါးရံ့မင်းဘုရား စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ
Oct 19,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ အင်းကြီးတွင် တည်ထားပူဇော်သည့် ငါးရံ့မင်းဘုရား စေတီတော်မြတ်အား ဘက်စုံပြုပြင် မွမ်းမံပြီးစီးခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပရာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးတပ်နယ်မိသားစုများမှ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Oct 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးတပ်နယ် မိသားစုများမှ စားသောက်ကုန်များဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၈)နာရီခန့် ကခမောက်ကြီးမြို့၊ မြခွာညိုလမ်းထိပ်တွင် ပြုလုပ်ခဲ့သည်။
ကမမောင်းမြို့၌ ကျောင်းသားလူငယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Oct 19,2022
 ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသားလူငယ်များ လူမှုဘဝဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။