မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျမှုကြာင့် ပျက်စီးခဲ့သည့်နေအိမ်အား ထောက်ပံ့ငွေပေးအပ်

အထက်မင်းလှ အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အောက်တိုဘာ ၁၆ ရက်နေ့မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျမှုကြောင့် ပျက်စီးသွားခဲ့သည့် မလွန်ကျေးရွာမှ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁) လုံးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေနှင့်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ သည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်နီလာဦးက ထောက်ပံ့ငွေပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ထောက်ပံ့ငွေပေးအပ်ပွဲပြုလုပ်ရာ လေပြင်းတိုက်ခတ်ပြီး သစ်ပင်ကျိုးကျမှုကြာင့် ပျက်စီးခဲ့သည့် နေအိမ်အတွက် မင်းလှမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့က တစ်စိတ်တစ်ပိုင်း ပျက်စီး လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးကျပ် (၃၀၀၀ဝိ/) နှင့် ဆန်ရိက္ခာဖိုးကျပ် (၁၀၅၀ဝိ/) စုစုပေါင်း (၄၀၅၀ဝိ/) တို့ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)