သတင်းများ

ညောင်တုန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လွိုင်လင်မြို့၌ ဆေးသိုလှောင်ရုံ RCC တစ်ထပ်တည်ဆောက်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး
Oct 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လွိုင်လင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသိုလှောင်ရုံ (၅၀ ပေ ၊ ၄၀ ပေ ) RCC တစ်ထပ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင် သည် ယနေ့ နံနက် (၁၀) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  ကျောင်းသား/ကျောင်းသူများအသိပညာ ဗဟုသုတရရှိစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Oct 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး  အသိပညာ ဗဟုသုတတိုးပွားစေရေးအတွက်  စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို  အခမဲ့ငှာ းရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ် ၁၁ နာရီအချိန်တွင် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့် တိုက် ဖွင့်လှစ်ပေးပြီး  အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 18,2022
မန္တလေးတိုင်း​သေကြီး၊ သပိတ်ကျင်းခရိုင်၊သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)ရုံးတွင် တပ်ဖွဲ့ဝင်မွမ်းမံ စွမ်းဆောင်ရည်မြင့်သင်တန်းဆင်းပွဲကျင်းပ
Oct 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ မီးသတ်ဦးစီးဌာနလမ်းရှိမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ဖွင့်လှစ်ခဲ့သော တပ်ဖွဲ့ဝင်များ စွမ်းဆောင်ရည်မြှင့်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Oct 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦစီးဌာနတို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။
ဒလမြို့နယ်တွင် စာအုပ်၊ စာစောင်များ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်
Oct 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ဌားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ကျောက်ဆည်မြို့တွင် မွေးစအရွယ်မှအသက်(၁၀)အထိ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Oct 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက်(၉)နာရီက မွေးစအရွယ်မှအသက်(၁၀)နှင့်အတွင်းကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။