သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ပဲခူးတွင်ကျင်းပ
Oct 18,2022
ပဲခူးတိုင်းဒေသကြီး၊ သတင်းမှန်ပြန်ကြားရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမှန် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက “မီဒီယာကဏ္ဍသည် နိုင်ငံတော်အခန်းကဏ္ဍတွင် စတုတ္ထမဏ္ဍိုင်ဖြစ်ကြောင်း၊ မီဒီယာများအနေဖြင့် ပြည်သူများ သတင်းအမှန်သိရှိစေရန် အရှိကို အရှိအတိုင်း အစွဲအလမ်းကင်းစွာဖြင့် ထုတ်ပြန်ပေးကြရန်လိုကြောင်း၊ ယနေ့အချိန်ကာလသည် ပြည်သူများ သတင်းအမှန်သိရှိရန် လိုအပ်သဖြင့် တက်ရောက်လာသော သတင်းမီဒီယာသမားများမှ ပြည်သူများ သတင်းအမှန်သိရှိရေးအတွက် မိမိတို့သက်ဆိုင်ရာ ဂျာနယ်၊ စာစောင်၊ Social Media များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများအပေါ် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်ရေးဆောင်ရွက်ချက် များအားလည်း မှန်မှန်ကန်ကန် ပြည်သူများထံသို့ အသိပေးကြရန် တိုက်တွန်းမှာကြားပါကြောင်း”