ချမ်းမြသာစည် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ထက်မြက်လာစေရေး၊ အတွေးအခေါ်ကောင်းများဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဦးစီးဌာနရုံးရှိ (Community Centre) ခန်းမတွင် အရုပ်ခေါက်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲ၏စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ရောင်စုံစက္ကူဖြင့် အရုပ်ခေါက်နည်းများကို လက်တွေ့ပြသခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်း အထကကျောင်း(၂)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၀ ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲသို့ တာ၀န်ခံကြီးကြပ် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စိမ်းဝင်း