ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များ အား မြေပြင်ကွင်းဆင်းစစ်ဆေး

မောင်တော အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ယနေ့နံနက် ၈ နာရီအချိန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး (တာဝန်) ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိစက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများထားရှိ အသုံးပြု မီးငြိမ်းသတ်တတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်းဘုတ်များထားရှိစေရေးတို့ကို အကြုံပြုကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး