ကျွန်းလှမြို့နယ်၌ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေး

ကျွန်းလှ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယူရီးယားဓာတ်မြေဩဇာများကို ကျွန်းလှမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား အဓိကထားရောင်းချပေးခဲ့ကြောင်း၊ ကျန်တောင်သူများကိုလည်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါး ၂၉၄၉၂ ဧက စိုက်ပျိုးရန်လျာထားပြီး ၃၄၀၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို