ရေဖြူ အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နေ့လယ် ၂ နာရီ၌ Bakery နှင့်Birthday Cake ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးမြင့်နိုင် နှင့် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြင့်ဦးအောင်တို့က သင်တန်းဆင်းအမှာစကား ပြောကြားကြောင်း သိရသည်။
အဆိုပါသင်တန်းတွင်(Smart Village)မင်းဒပ်ရွာ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိဝင်ငွေတိုးရန်၊ အသုံးစရိတ်ချွေတာတတ်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်၍ လက်တွေ့ဘဝမှာ ပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်သင်ကြားပေးခြင်းဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်ရီရီလွင်က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ကိတ်မုန့်အမျိုးမျိုးနှင့် မွေးနေ့ကိတ်ပြုလုပ်နည်းပို့ချပေးခဲ့ဖြစ်ပြီး သင်တန်းသား/သူ (၁၅)ဦးတက်ရောက်ကာ အောက်တိုဘာ ၁၄ မှ အောက်တိုဘာ ၁၈ ရက်နေ့အထိ သင်တန်းကာလ (၅)ရက်တာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေး အပ်ခဲ့ကြောင်း သိရသည်။
ခတ္တာ