ပုသိမ် အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ စိုက်ခင်းများတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးဆောင်ရွက်မည့် တောင်သူများအား စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ပုသိမ်မြို့နယ် မြက်တိုစုပေါင်းရုံး အစည်းဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ချယ်ရီတင်မှ နေကြာစိုက်ပျိုး စရိတ် ချေးငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပုသိမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်းမှ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းနှင့် စီမံကိန်းတာဝန်ပေးအပ်ခြင်းအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက နေကြာသီးနှံ စိုက်ပျိုးမည့် တောင်သူများအား နေကြာစိုက်ပျိုးမှုတာဝန်ပေးအပ်လွှာများနှင့် ရေဆင်း(၁) စပ်မျိုးနေကြာ တစ်ဧကအတွက်(၃)ကီလိုဂရမ် ပါဝင်သော အိတ်များကို ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်