သတင်းများ

အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေး
Oct 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့ လူထုအခြေပြု​ဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေး  စာဖတ်ဝိုင်းကျင်းပ
Oct 19,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဦးဝင်းတင် ရေးသားထုတ်ဝေသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် အသိပညာပေးစာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အသိပညာပေးပြီး Mask Campaing အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 19,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို အောက်တိုဘာ ၁၅ ရက်နေ့နံနက်(၈)နာရီက တနိုင်းမြို့ လီဒိုလမ်းမကြီးပေါ်ရှိ တနိုင်းတံတားထိပ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အ-ထ-က(၆) အလုံကျောင်း စာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစစ်ကြောင်း (၅) ကြောင်းဖြင့် ဖွဲ့စည်းတာဝန်ပေးထားသောအဖွဲ့ များအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီက ပညာရေးစစ်ကြောင်းမှ အလုံမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းစားကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 19,2022
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌   ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့ ည‌(၇)နာရီခွဲတွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်အတွင်း Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းများကို အရှိအဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝါးခယ်မမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ လာရောက်၍ မဲရုံသုံးပစ္စည်းများ၊ မဲဆန္ဒရှင်လက်မှတ်များအား ကြည့်ရှုစစ်ဆေး
Oct 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များလာရောက်၍ မဲရုံသုံးပစ္စည်းများ၊ မဲဆန္ဒရှင် လက်မှတ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူများအနေဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်သင်ကြားပေး
Oct 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သူများအနေဖြင့် စနစ်တကျဆောင်ရွက် တတ်စေရန်အတွက် အခြေခံရှေးဦးပြုစုနည်းသင်တန်းကို (၁၂.၁၀.၂၀၂၂)ရက်နေ့မှ (၁၈.၁၀.၂၀၂၂) ရက်နေ့ အထိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။