တံတားဦးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲနှင့် စွမ်းအားမြှင့် အေဝမ်မီးဖိုများပေးအပ်

တံတားဦး အောက်တိုဘာ ၁၈

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည်တံတားဦးမြို့နယ် လက်ပန်ဇင်ကျေးရွာ အုပ်စုသို့ သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် အေဝမ်းမီးဖိုပေးအပ်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီက လက်ပန်ဇင်ကျေးရွာ အုပ်စု တောင်ကုန်းကျေးရွာ၌ ကျင်းပကြောင်းသိရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲတွင် တံတားဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးချမ်းအောင်က ကျေးလက်နေ ပြည်သူများမှ  သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာကို သိရှိနားလည်ပြီး သစ်တောများ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပူးပေါင်းဆောင်ရွက်ရေး၊ သစ်တောများ ပြုန်း တီးမှုကို လျော့ချနိုင်ရေး၊ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေး၊ ထင်းအစားထိုးလောင်စာကို တွင် တွင် ကျယ်ကျယ်အသုံးပြုရေး စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများအား စွမ်းအားမြှင့် အေဝမ်းမီးဖို (၂၀)လုံးအား မဲစနစ်ဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

တံတားဦးမြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျေးရွာပေါင်း (၃၆)ရွာ လျာထားပြီး အေဝမ်းမီးဖိုအလုံးပေါင်း(၇၂၀)လုံးကို အခမဲ့ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်ထားရှိရာ ယခုအချိန်အထိကျေးရွာပေါင်း(၁၉)ရွာသို့ အေးဝမ်းမီးဖိုအလုံးပေါင်း (၃၈၀) လုံးအား အခမဲ့စနစ်ဖြင့် ဖြန့်ဝေပြီးကြောင်း မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအေးချမ်းအောင်၏ ပြောကြားချက်အရသိရသည်။

ရဲတင့်(ပြန်/ဆက်)