ပုသိမ်ကြီး အောက်တိုဘာ ၁၈
ပုသိမ်ကြီးမြို့နယ် ပန်းချီပညာရှင်များ၏ PATHEIN GYI GROUP SHOW စုပေါင်းပန်းချီပြပွဲကို ယနေ့နံနက်ပိုင်းကစတင်၍ Mandalay Hill Art Gallery ပန်းချီပြခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပန်းချီပြပွဲအခမ်းအနားကို တက်ရောက်လာသည့် ပန်းချီပညာရှင်ဆရာကြီး ဦးခင်မောင်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆရာမချိုချိုအောင်၊ ဆရာမောင်သာဆိုင်နှင့် စာရေးဆရာ ရဟန်းစာဆို တက္ကသိုလ်တေဇာလင်းတို့က ပြပွဲဖွင့်လှစ်ပြသမှုနှင့်ပတ်သက်၍ မုဒိတာစကားများ အသီးသီးပြောကြားခဲ့ပါသည်။
ပြပွဲတွင် ပုသိမ်ကြီးမြို့နယ် ပန်းချီဆရာ(၂၅)ဦးတို့၏ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အထင်ကရ ရှုခင်းများ၊ အနယ်နယ်အရပ်ရပ်ရှိ အထင်ကရရှုခင်းများကို ရေဆေး၊ ဆီဆေးနှင့် Acrylic တို့ဖြင့်ခြယ်မှုန်းသည့် ပန်ချီကားပေါင်း (၁၀၀ )ကျော်ကို ပြသထားရှိခဲ့ပါသည်။ ထိုပြပွဲကို အောက်တိုဘာ (၁၈)ရက်နေ့မှစတင်၍ (၂၀)ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၃)ရက်ကြာ ပြသပေးသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့၀င်ရောက်လေ့လာနိုင်ကြောင်းကြောင်း သိရပါသည်။
ဇာနည်ကိုကို