ချောင်းဆုံ အောက်တိုဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ဆက်၊ အား/ကာ၊ ဘေး/စီမံ) ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ချောင်းဆုံမြို့နယ် ကမာမို(အ.ထ.က)ခွဲကျောင်း ရွှေဟင်္သာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီက အဖွင့်အမှာစကားပြောကြားပြီး၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းက သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်အချက်များကို ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးကျော်ကျော်အောင်က လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ (အား/ကာ) ဦးစီးဌာန အငယ်တန်းစာရေး ဦးကျော်ဖြိုးအောင်က (အား/ကာ)ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ အားကစားမှ အကျိုးပြုနိုင်သည့်အချက်များ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ ကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် (အား/ကာ) ဌာနမှ အားကစားပစ္စည်းများနှင့် (ဘေး/စီမံ) ဌာနမှ သဘာဝဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ပေးအပ်ရာကျောင်းအုပ်ဆရာမကြီးက ကလက်ခံရယူပြီး ကျောင်းသား/သူများအား အဆိုပါအဖွဲ့မှ မေးခွန်းအမေး/အဖြေများမေးမြန်းခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ကျောင်းသား/ သူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)