သတင်းများ

နမ့်စန်မြို့နယ်တွင် သစ်တောဦးစီးဌာနက ပျိုးထောင်ထားရှိသည့် ပျိုးပင် ၃သောင်း အခမဲ့ ဖြန့်ဝေစိုက်ပျိုးပြီးစီး
Jul 25,2026
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိူးရန် သစ်တောပျိုးဥယာဉ်တွင် ပျိုထောင်ထားရှိသည် ပျိုးပင်ပေါင်း ၃ သောင်းကို ဇူလိုင်လ လဆန်းတွင် မြို့နယ်အတွင်း ဖြန့်ဝေ၍ စိုက်ပျိုး ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ''ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး'' ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပ
Jul 25,2026
 ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ က ''ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး'' ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပသည်။
မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်(ငွေလုံးငွေရင်း) ထုတ်ပေး
Jul 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့်အလုပ်ဌာနများမှ အာမခံအလုပ်သမား (၃)ဦး ၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့်(ငွေလုံးငွေရင်း)ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့သည်။
ပေါင်းတည်၌ မိုးစပါးဧက ခုနစ်သောင်းကျော်လျာထားစိုက်ပျိုးထားရှိကာ ဖြစ်ထွန်းအောင်မြင်ရေးကြိုးပမ်း
Jul 25,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မိုးစပါး ၇၃၅၁၄ ဧက  လျာထား စိုက်ပျိုးလျက်ကြောင်း မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
ကျိုက်လတ်၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၂၂) နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jul 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ရက်(၁၀၀)စီမံချက်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဇူလိုင် ၂၄ ရက် မွန်းလွဲ ၃နာရီက ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို သည်တိုင်းဒေသကြီး ပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသမှု အားကြည့် ရှုအားပေး
Jul 25,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကအမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း(မိုးထိ)တွင် တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသလျက်ရှိသော ဝေဒနာရှင်များအားလာရောက် ကြည့်ရှုအားပေးခဲ့သည်။
ရွှေတောင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈) နှစ်အောက်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ
Jul 25,2026
၂၀၂၆ ခုနှစ်၊ ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် Professional  Youth Leadership Management သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Jul 25,2026
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးဆောင်ကျင်းပသော Professional Youth Leadership Management သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ထားဝယ်မြို့တော်ခန်းမ(၂)၌ကျင်းပရာ ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။