သတင်းများ

မိုးညှင်း-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် အမှတ်(၄၉)အဆန် မီးရထားပြေးဆွဲလျက်ရှိရာ ခရီးသွားပြည်သူများအတွက် ရေဘူး၊ လက်ကိုင် ပဝါနှင့် မုန့်များဝေငှခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 25,2026
မိုးညှင်း-မြစ်ကြီးနားသွား မီးရထားလမ်းပိုင်းအား အမှတ်(၄၉)အဆန် မြန်မာ့မီးရထားခရီးစဉ်ပြေးဆွဲရာ ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ခရီးသွားပြည်သူများအတွက် ရေဘူး၊ လက်ကိုင်ပဝါနှင့် မုန့်များ လိုက်လံဝေငှပေးခြင်းနှင့် ဘူတာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး
Jul 25,2026
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာအဆောက်အဦများအား ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
လားရှိုးမြို့တွင် ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့်ဆွေးနွေးပွဲသင်တန်းပြုလုပ်
Jul 25,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် လားရှိုးခရိုင် အခြေခံပညာအလယ်တန်းအဆင့် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF Level-2) ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ သင်တန်းကို ယနေ့နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမတွင်ပြုလုပ်ရာ ခရိုင်ပညာရေးမှူး ဦးအေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ နန္ဒာသိန်းဇံ၏ “ခ‌ရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 25,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံ ရေးသားထားသည့် “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
သင်္ဃန်းကျွန်းခရိုင်တွင် ဆရာအတတ်ပညာကျွမ်းကျင်မှု စံသတ်မှတ်ချက်အညွှန်းဘောင် (TCSF) ခရိုင်အဆင့် (ဆင့်ပွား)သင်တန်းဖွင့်လှစ်
Jul 25,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် အခြေခံပညာဦးစီးဌာန ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့်သင် (အတွေ့ အကြုံရှိ) ဆရာ၊ဆရာမများအတွက် ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (TCSF) ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့် (ဆင့်ပွား)သင်တန်းအား သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း သီရိသုဝဏ္ဏပညာခန်းမ၌  ယနေ့နံနက်က ကျင်းပခဲ့သည်။
ချမ်း​အေးသာစံမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ToT သင်တန်းဆင်းပွဲကျင်းပ
Jul 25,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ချမ်းအေးသာစံမြို့နယ်ဥပဒေရုံးကဖွင့်လှစ်သော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ToT သင်တန်းဆင်းပွဲကို အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
သထုံမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 25,2026
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် တာဝန်ရှိသူများပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်း၏ခန်းမ၌ ကျင်းပပြုလုပ်သည်။
သန်လျင်မြို့နယ် တရားရုံးသစ်အဆောက်အဦဖွင့်ပွဲကျင်းပ
Jul 25,2026
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့နယ်တရားရုံးသစ်အဆောက်အဦဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီတွင် ရေတပ်လမ်းမကြီးရှိ အဆိုပါအဆောက်အဦ၌ ကျင်းပခဲ့သည်။