သတင်းများ

မြစ်သားမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၁,၀၉၂၂ ဧကထိ ရိတ်သိမ်း ပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၉၈ ဒသမ ၂၃ တင်းနှုန်းထွက်ရှိ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီကဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 စသည့် မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၁,၀၉၂၂ ဧကထိ ရိတ်သိမ်းပြီးစီး ပြီဖြစ်ကာ တစ်ဧကလျှင် ၉၈ ဒသမ ၂၃ တင်းနှုန်း ထွက်ရှိ၍ စပါးတင်းစုစုပေါင်း ၁၀၇၂၈၆၈တင်း ထွက် ရှိကြောင်း မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အလုံမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ကြေညာထားရှိမှုအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကြည့်ရှုစစ်ဆေး
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ ညနေပိုင်းက အလုံမြို့နယ်ဂဠုန်ရပ်ကွက်၊ ဌာနာရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဒေါပုံမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး
Dec 24,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Dec 24,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို တတိယအကြိမ်အဖြစ် ဒီဇင်ဘာလ ၂၃ ရက် နံနက်မှ စတင်ကပ်ထားကြေညာပေးရာ မဲဆန္ဒရှင် ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ် ချောင်းဖြူကျေးရွာ၌ ဆားပွက်ချောင်းရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Dec 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ချောင်းဖြူကျေးရွာ၌ မိုးတွင်းကာလ တောင်ကျချောင်းရေများ ဖြတ်သန်းစီးဆင်းဝင်ရောက်ပြီး ဆားပွက်ချောင်း ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်များ ကြိုတင်ပြောင်းရွှေ့ခဲ့ရမှု ဖြစ်ပွားခဲ့သည့်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ကရသူရိမြို့၌ မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ လ ၂၄ ရက် နံနက် ၁၁ နာရီက စစ်​ဆေးဆောင်ရွက်ခဲ့ကြသည်။
ညောင်ဦးမြို့နယ်၌ သောက်သုံးရေလှူဒါန်း
Dec 24,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သောက်သုံးရေ လိုအပ်လျက်ရှိသော တောင်ဇင်းအုပ်စု၊ စံပြကျေးရွာ၊ ဂွေးပင်ဥကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်) က ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 24,2025
ကရင်ပြည်နယ် ဘားအံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။