Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းအား ဂါဝရပြုတွေ့ဆုံ
Nov 06,2025
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.IsKander Azizov နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ရန်ကုန်မြို့သို့ နံနက်ပိုင်းက ရောက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ) အခါတော်နေ့တွင် စတုဒီသာကျွေးမွေးလှူဒါန်းကြသူများဖြင့် အထူးစည်ကား
Nov 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့တွင် ငပုတောမြို့နယ် ကျက်သရေဆောင် ရွှေမြင်တင်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှူပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းပေါ်တွင် ပြင်ဆင်/ ဖြည့်စွက်/ ပယ်ဖျက်မှုများအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းအခမ်းအနား ကျင်းပ
Nov 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်နိုင်ရန် ပထမကြိမ်ထုတ်ပြန် ကြေညာထားသည့်မဲစာရင်းပေါ်တွင် ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်မှုများအတွက် မဲစာရင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Nov 06,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇီးကုန်းမြို့နယ်၊ လယ်တွင်းကျေးရွာ အခြေခံပညာကျောင်း အ.လ.က (လယ်တွင်း) ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်
Nov 06,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပဲစင်းငုံသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်ကာ (ယူရီးယား+လက်ချား) ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ရုံးတောကျေးရွာအုပ်စု၊ ရုံးတောကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်နိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Nov 06,2025
မွန်ပြည်နယ် ချောင်းဆုံမြိုနယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် စည်း (၅) စည်းဖြင့် လုံခြုံရေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်းကို နိုဝင်ဘာ (၆) ရက်နေ့ နံနက်ပိုင်းက မြို့နယ် မီတာ (၄၀၀) အားကစားကွင်း၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဟင်းသီး၊ဟင်းရွက်မျိုးစုံ (၂၄၁၄) ဧက စိုက်ပျိုးထားရှိ
Nov 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ် (၁၂) ခုရှိပြီး၊ တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဟင်းသီး၊ဟင်းရွက်မျိုးစုံ (၂၄၁၄) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော မျက်မှန်လိုအပ်သော လူနာများ မျက်မှန်တပ်ဆင်ခြင်းအခမ်းအနား တက်ရောက်
Nov 06,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော မျက်မှန်လိုအပ်သောလူနာများ မျက်မှန်တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13
Page
14
Page
15
Page
16
Current page
17
Page
18
Page
19
Page
20
Page
21
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department