ရက်(၁၀၀)စီမံချက်ဖြင့် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စုရှိ ပြည်သူ (၇၀)ဦးထံ ကျေးရွာမြေငှားဂရန်ပေးအပ်သည့် အခမ်းအနား ကျင်းပ
Jul 25,2026
နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ မြေယာပိုင်ဆိုင်မှုခိုင်မာစေရန်၊ မြေယာပြဿနာများ အငြင်းပွားမှု လျော့ပါးစေရန်နှင့် ပြည်သူတို့၏ လူမှုစီးပွားဒေသ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည် ရွယ်လျက်၊ ရက် (၁၀၀)စီမံချက်အရ၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၇၀)ဦးအတွက် ကျေးရွာမြေငှားဂရန်ပေးအပ်သည့် အခမ်းအနားကို ၎င်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။