ထားဝယ်မြို့၌ မျိုးစပါးသွင်းအားစု ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 25,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်း (၄) သင်းမှ အသင်းသားပိုင်လယ် (၁၄၀၀) ဧကအတွက် ကျပ် (၃၅၀၀) သိန်းနှင့်ညီမျှသော မျိုးစပါးသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။