ရွှေတောင် ဇူလိုင် ၂၅
၂၀၂၆ ခုနှစ်၊ ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများကို အားပေးနှုတ်ဆက်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အမျိုးသားအသင်း(၁၂) သင်း၊ အမျိုးသမီးအသင်း(၄) သင်း စုစုပေါင်း (၁၆) သင်းဖြင့် (၂၅. ၇. ၂၀၂၆) ရက်နေ့မှ (၁. ၈. ၂၀၂၆) ရက်နေ့ထိ ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)