သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ ကော်ဖီစိုက်ပျိုး နည်းပညာသင်တန်းဖွင့်လှစ်
Jul 25,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ ကော်ဖီစိုက်ပျိုးတောင်သူများ နည်းပညာဆိုင်ရာအသိပညာနှင့် ကျွမ်းကျင်မှုများတိုးတက်မြင့်မားလာစေရေး၊ ကော်ဖီအထွက်နှုန်းနှင့် အရည်အသွေးကောင်း မွန်လာစေရေးအတွက် ကော်ဖီသီးနှံ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်အသိပညာပေးခြင်းကို ဇူလိုင်လ (၂၄)ရက်နေ့ ယမန်နေ့က စံဖူးကျေးရွာအုပ်စုနှင့် နောင်လိုင်မူဖိတ်ကျေးရွာအုပ်စုတို့ တွင် ပြုလုပ်ခဲ့ကြသည်။
လွိုင်လင်မြို့ အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးပေးအပ်ခြင်းအခမ်းအနားကျင်းပ
Jul 25,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုး(၂၀၁၉၈၁၀ဝိ/-) ကျပ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်
Jul 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက် မေမေ့သားဆန်စက် မြစ်ရေပြင်ကမ်းနားတွင် ယနေ့နံနက် (၁၀)နာရီ အချိန်၌ မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီး၍ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်သည်။
မိုးညှင်းမြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်
Jul 25,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စုပေါင်းရုံး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးမြို့နယ် ကန်လှကျေးရွာအနီးရှိ လယ်ယာသုံးစက်ပစ္စည်းနှင့် ထွန်စက်အရောင်းဆိုင်များနှင့် ကန်လှ‌ကျေးရွာအရှေ့ကန်(ရွာဦးကန်) မြေသားကန်ပြုပြင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Jul 25,2026
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည်အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် ကန်လှကျေးရွာအနီးရှိ လယ်ယာသုံးစက်ပစ္စည်း၊ ထွန်စက်အရောင်းဆိုင်များနှင့် ကန်လှ‌ကျေးရွာအရှေ့ကန် (ရွာဦးကန်)မြေသားကန်ပြုပြင်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၉)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြက္ခဒိန်ထုတ်ဝေ နိုင်ရေးနှင့် အများပြည်သူသုံးနေရာများ အပါအဝင်အိမ်ခြံမြေကွက်များ စနစ်တကျ သတ်မှတ်နေရာချထားပေးခြင်း လုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jul 25,2026
ကချင်ပြည်နယ်၏ အထိမ်းအမှတ် နေ့ထူးနေ့မြတ်ဖြစ်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနား ကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့သည် (၇၉) နှစ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်သဖြင့် အဆိုပါ ပြည်နယ်နေ့ အထိမ်း အမှတ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် ကချင်အနုပညာရှင်များအသင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် ပဲတီစိမ်းအထွက်နှုန်း တိုးတက်ရေး စံကွက်ရိတ်သိမ်းပွဲပြုလုပ်
Jul 25,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပဲတီစိမ်းအထွက်နှုန်းတိုးတက်ရေး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဘုန်းတော်ပြည့် ကျေးရွာကွင်း အမှတ် (၁၂၀၃) ဦးနိုင်ဝင်း ပဲတီစိမ်းစိုက်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသ
Jul 25,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။