မရမ်းကုန်းမြို့နယ်တွင် ''ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး'' ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပ

 မရမ်းကုန်း ဇူလိုင် ၂၅

 ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီ က ''ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး'' ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပသည်။

ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်း လင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူ့စကားဝိုင်း(Public Talk) စတင်ဆွေးနွေးဆောင်ရွက်ခဲ့ကြရာ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံ များနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဟိန်းက ရပ်ရွာအေးချမ်း သာယာရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးစမျိုးဇော်လတ်က ဥ‌ပဒေရေးရာနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးအဖွဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ လည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည် ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

 ဝေယံ(မရမ်းကုန်း)