သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး
Jul 25,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)၌ မိုးရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပ
Jul 25,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဘက်စုံသုံးအားကစားခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင် (၁၆)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပလျက်ရှိရာ   ယမန်နေ့မွန်းလွဲပိုင်းက အားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနား ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ၂၀၂၆ ခုနှစ်၊ မိုးရာသီ နေပြည်တော်အဆင့် (ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်
Jul 25,2026
၂၀၂၆ ခုနှစ်၊ မိုးရာသီ နေပြည်တော်အဆင့် (ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ပုဗ္ဗသီရိသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းနှင့် ချင်းတွင်းလမ်းထောင့်၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊  ဌာနဆိုင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။
စဉ့်ကိုင်မြို့နယ်၌ “‌ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်
Jul 25,2026
ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ "ကျေးလက်ဒေသဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)‌ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ချောင်းပတ်ကျေးရွာ အောင်မင်္ဂလာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတိုက်ကြည်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်‌‌အောင်မောင်မောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 25,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုဗ္ဗသီရိမြို့နယ်၊ ကျည်‌တောင်ကန်‌ရပ်ကွက်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီက အ‌ခြေခံပညာအထက်တန်းကျောင်း(ကျည်တောင်ကန်)၌ ကျင်းပသည်။
မုဒုံမြို့၌ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးစေရန် ငှက်ပျောပင်စိုက်ပျိုး
Jul 25,2026
မွန်ပြည်နယ် မုဒုံမြို့တွင် ကျောင်းတွင်း အာဟာရလိုအပ်ချက်ကို ရေရှည်ဖြည့်ဆည်းပေးရန် အတွက် ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အ.ထ.က (၁) ကျောင်း၌ ပြုလုပ် သည်။
အုတ်တွင်းမြို့နယ်၌ စက်သုံးဆီဆိုင်များ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး လိုက်လံကြည့်ရှု စစ်ဆေး
Jul 25,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် စစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက Petro K စက်သုံးဆီအရောင်းဆိုင်တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များ ပြည်သူများလက်ဝယ်အရောက်ပေးအပ်
Jul 25,2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျောက်ရေတွင်းကျေးရွာနေ ပြည်သူများအား မြေငှားဂရန်များ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။