တောင်တွင်းကြီး ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကအမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း(မိုးထိ)တွင် တိုင်းဒေသကြီးပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသလျက်ရှိသော ဝေဒနာရှင်များအားလာရောက် ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါဆေးကုသမှုတွင် ခွဲစိတ်အထူးကုဆရာဝန်၊ နားနှာခေါင်လည်ချောင်းအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ အရိုးအထူး ကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်နှင့် အထွေထွေရောဂါကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီထိ ဝေဒနာရှင်လူနာ(၃၃၇)ဦးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးပြီး ထမင်းဘူးများဝေငှပေးခဲ့ကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)