သတင်းများ

ပင်လုံမြို့၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Dec 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲပိုင်းက ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်နှင့် တာဝန်ရှိသူတို့မှ‌ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
လက်ပံတန်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးပျက်စီးသူများအား ပန်းခင်း(၃)စီမံချက်အရ One Stop Service ဖြင့်ဆောင်ရွက်ပေး
Dec 24,2025
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးပျက်စီးသူများအား ပန်းခင်း(၃)စီမံချက်အရ One Stop Service ဖြင့် ကတ်ပြားအသစ်ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက (၂)လမ်း မြို့နယ်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ဇလွန်မြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး mass vaccination (၃)နှစ်ဆက်တိုက်ထိုးနှံသည့် ကျေးရွာအုပ်စုများတွင် ထိုးနှံပြီးစီး
Dec 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရရှိသော ခွေးရူးရောဂါကာကွယ်ဆေး အဆ(၃၅၀) ကို mass vaccination (၃)နှစ်ဆက်တိုက် ထိုးနှံသည့်ကျေးရွာအုပ်စုများတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ထိုးနှံပြီးစီးပြီ​ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနည်းပညာပေးသင်တန်းဆောင်ရွက်
Dec 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်လုပ်ငန်းရှင်များအား မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအာနိသင်လျှော့ချရေးနည်းပညာပေးသင်တန်းကို ယမန် နေ့နေ့လည်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ဆောင်ရွက်သည်။
နတ်တလင်းမြို့နယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်/ကျေးရွာများအတွင်း ကပ်ထားကြေညာ
Dec 24,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့က စတင် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲများပေးခြင်းများ ဆောင်ရွက်
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မဲဆန္ဒနယ်မြေအတွင်းရှိသော်လည်း မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်းများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားသည့် ဆန္ဒမဲရုံများသို့  ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲများပေးလျက်ရှိကြောင်း သိရသည်။  
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” အစီအစဉ်များ ဆက်လက်ဆောင်ရွက်
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင်ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေး
Dec 24,2025
နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်)တို့အား One Stop Service ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။