မင်္ဂလာဒုံ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့်အလုပ်ဌာနများမှ အာမခံအလုပ်သမား (၃)ဦး ၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့်(ငွေလုံးငွေရင်း)ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးမှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးတာဝန်ခံအရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက လုပ်ငန်းခွင် ထိခိုက်မှုဖြစ်ခဲ့သည့် Musung Garmentမှ အာမခံအလုပ်သမား ဒေါ်နီနီခိုင်အား အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့်ငွေကျပ် ၂၈၁၇၄၆၀.၈၀/-နှင့် အာမခံအလုပ်သမား ဒေါ်လင်းလင်းဖြိုးအား အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ငွေကျပ် ၂,၉၆၃,၅၂၀/- အားလည်းကောင်း၊ Super Myanmar စက်သုံးဆီဆိုင်မှ အာမခံအလုပ်သမား ဦးအောင်မျိုးအား အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေကျပ် ၇,၀၅၆,၀၀၀/-အားလည်းကောင်း၊ စုစုပေါင်းငွေကျပ် ၁၂၈၃၆၉၈၀.၈၀ (ကျပ်သိန်းတစ်ရာ့နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းခြောက်ထောင်ကိုးရာရှစ်ဆယ်/၈၀ပြားတိတိကို ၎င်းတို့ထံသို့ အလုပ်ဌာနတာဝန်ရှိ၏သူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၊ မိသားစုဝင်များရှေ့မှောက်တွင် ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)