တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရန်ကြီးအောင် Professional  Youth Leadership Management သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးဆောင်ကျင်းပသော Professional Youth Leadership Management သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ထားဝယ်မြို့တော်ခန်းမ(၂)၌ကျင်းပရာ ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရန်ကြီးအောင်က အသိပညာ၊ ကျွမ်းကျင်မှုနှင့် အပြုအမှုဆိုသည့် အရာ(၃)ခုစလုံး ပြည့်စုံမှသာ စစ်မှန်သော Professional တစ်ယောက်ဖြစ်လာမှာဖြစ်ကြောင်း၊ လူငယ်များ၏ အနာဂတ်ခရီးလမ်းတွင် အခွင့်အလမ်းများရှိသကဲ့သို့ စိန်ခေါ်မှုများကိုလည်း မလွဲမသွေ ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မိမိတို့၏အတွေးအမြင်သစ်များ၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် လုပ်ဆောင်နိုင်သော စွမ်းအင်တို့ကို မှန်ကန်စွာအသုံးချနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့အသိပညာ၊ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်တို့ကို ပေါင်းစပ်ဖော်ဆောင်နိုင်မှသာ နိုင်ငံအတွက် တန်ဖိုးရှိသော လူစွမ်းအားအရင်းအမြစ်များ ဖြစ်လာမှာဖြစ်ကြောင်း၊ မိမိ၏ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် လူ၊ ငွေကြေး၊ ပစ္စည်းကိရိယာနှင့် အချိန်ဟူသော အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း၊ ညှိနှိုင်းပေါင်းစပ်နိုင်စွမ်းနှင့် ထိရောက်စွာ အသုံးချနိုင်စွမ်းတို့သည် ခေါင်းဆောင်ကောင်းတစ်ဦး၏ အရေးပါသော အရည်အချင်းများဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် Professional Youth Leadership Management သင်တန်းသည် ခေါင်းဆောင်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည်၊ ဆက်သွယ်ပေါင်းသင်းနိုင်မှု၊ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှု စသည့် လက်တွေ့အသုံးချနိုင်သော အရည်အချင်းများကို မြှင့်တင်ပေးမည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းမှရရှိလာမည့် အသိပညာနှင့်အတွေ့အကြုံများကို မိမိတို့၏လုပ်ငန်းခွင်နှင့် နေ့စဉ်ဘဝတွင် အသုံးချနိုင်မည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းသစ်များကိုလည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများတို့က သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးသည်။

သင်တန်းတွင် တာဝန်ရှိသူများက ဌာနဆိုင်ရာနှင့် ဆရာ/ဆရာမ သင်တန်းသား (၁၃၆)ဦးကို ဇူလိုင် (၂၆)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)