လွိုင်လင် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုး(၂၀၁၉၈၁၀ဝိ/-) ကျပ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အမှုဆောင် ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာဖတ်ကြားခြင်း၊ အတည်ပြုခြင်း၊ အသင်းသားများမှ အကြံပြုဆွေးနွေးခြင်းများကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။ ထို့နောက်အသင်းသားများ၏ စုဆောင်းငွေပေါ် အတိုး (၂၀၁၉၈၁၀၀)ကျပ်ကို မြို့နယ်ရဲမှူးက ပေးအပ်ရာ အသင်းသားကိုယ်စားလှယ်တစ်ဦးမှ လက်ခံရယူသည်။ ယင်းနောက် အသင်းသားထူးချွန်ဆု၊ တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သားသမီးများအား ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး