သတင်းများ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Book Club အသင်းဝင်များ စာဖတ်ဝိုင်း ပြုလုပ်
Jul 25,2026
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Book Club အသင်းဝင်များ စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်သည်။
မိုင်းရယ်မြို့နယ်၌ မိုးစပါး ၁၈၀၆၀ ဧက စိုက်ပျိုးရန်လျာထားရာမှ ယနေ့အထိ ၁၇၂၆၅ ဧက စိုက်ပျိုးပြီးစီး
Jul 25,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် နားဝဆည်နှင့် ဒေသကျောက်ဖြစ်မျှောရိုက်ဆည်တို့မှ ရေကိုအဓိကထားရယူ၍ မိုးစပါးကို စိုက်ပျိုးကြရာ ၂၀၂၆ ခုနှစ်တွင် မိုးစပါး ၁၈၀၆၀ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၁၇၂၆၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမည့်လုပ်ငန်း/စီမံကိန်းများနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jul 25,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမည့်လုပ်ငန်း/စီမံကိန်းများနှင့် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
မြန်အောင် အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဖြူးရောင်းချပေး
Jul 25,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မှန်(၆)မှန်နှင့်အညီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူပြည်သူများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်၌ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနေပေးကြောင်း သိရသည်။
ကော့မှူးမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုနှင့် သက်တန့်ရောင် စီမံကိန်းရန်ပုံငွေပေးအပ်
Jul 25,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန် ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG ကျောင်းတွင်း အာဟာရကျွေးမွေး
Jul 25,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် မြို့နယ်‌အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောင်းတွင်းအာဟာရကျွေး‌မွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တောင်ကြီးခရိုင် အခြေခံပညာအလယ်တန်းအဆင့်သင် (အတွေ့အကြုံရှိ) ဆရာဆရာမများအတွက် ဆရာအတတ်ပညာတတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့်(ဆင့်ပွား)ဆွေး‌နွေးပွဲပြုလုပ်
Jul 25,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အခြေခံပညာ အလယ်တန်းအဆင့်သင်(အတွေ့အကြုံရှိ) ဆရာဆရာမများအတွက် ဆရာအတတ်ပညာတတ် ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့်ခရိုင်အဆင့်(ဆင့်ပွား) ဆွေး‌နွေးပွဲကို ဇူလိုင်  ၂၅ ရက် နံနက် ၈ နာရီက အမှတ်(၁၂)အ‌ခြေခံပညာ အထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမ၌ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း- ၂၀၂၆ ခုနှစ်၊ မိုးရာသီ မုတ်သုန်ဂေါက်သီးရိုက် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Jul 25,2026
မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်နိုင်ရန် အားကစားနည်းအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မိုးရာသီမုတ်သုန် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊  ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။