နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် ပဲတီစိမ်းအထွက်နှုန်း တိုးတက်ရေး စံကွက်ရိတ်သိမ်းပွဲပြုလုပ်

နတ်မောက် ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပဲတီစိမ်းအထွက်နှုန်းတိုးတက်ရေး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဘုန်းတော်ပြည့် ကျေးရွာကွင်း အမှတ် (၁၂၀၃) ဦးနိုင်ဝင်း ပဲတီစိမ်းစိုက်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပဲတီစိမ်းရိတ်သိမ်းပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက နန်မောက်မြို့နယ်တွင် မိုးဦးပတီစိမ်းလျာထားဧက (၉၃၂၆၃)ဧက လျာထားသတ်မှတ်ခဲ့ပြီး မိုးဦးပဲတီစိမ်း (၆၉၂၂)ဧ ကစိုက်ပျိုးထားရှိပြီး စိုက်ပျိုးရန်ဧကများအား မိုးနှမ်းရိတ်သိမ်းပြီးပါက ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအနေနဲ့ ဒေသနဲ့ကိုက်ညီပြီး ရာသီဥတုနဲ့ပိုးမွှားရော ဂါဒဏ်ကိုခံနိုင်ရည်ရှိတဲ့စျေးကွက်ဝင် အထွက်နှုန်းကောင်းတဲ့ မျိုးတွေကို ရွေးချယ်စိုက်ပျိုးနိုင်ကြောင်း၊ အထွက်နှုန်းကောင်းတဲ့မျိုးတွေဖြစ်တဲ့ရေးဆင်း(၉)၊ ရေဆင်း(၁၀)၊ ရေဆင်း(၁၆)စတဲ့မျိုးတွေကအပင် ပေါက်ရာခိုင်နှုန်း ၇၅ မှ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိ သေချာတဲ့မျိုးတွေဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပဲတီစိမ်း အထွက်နှုန်းတိုးတက်ရေးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများပူးပေါင်း ၍ရိတ်သိမ်းခဲ့ရာ တစ်ဧက မိုးဦးပဲတီစိမ်း(၂၂)တင်းထွက်ရှိကြောင်း သိရသည်။

လှဝင်း