ဘိုကလေးမြို့နယ်တွင် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်

ဘိုကလေး ဇူလိုင်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက် မေမေ့သားဆန်စက် မြစ်ရေပြင်ကမ်းနားတွင် ယနေ့နံနက် (၁၀)နာရီ အချိန်၌ မြို့နယ်မီးသတ်ဦးစီးဌာနက ဦးစီး၍ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်သည်။

ဇာတ်တိုက်လေ့ကျင့်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့်တပ်ဖွဲ့ဝင်များ၊  သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ကြပြီး ဇာတ်တိုက်လေ့ကျင့်ခြင်း မဆောင်ရွက်မီ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်ထံ တန်းအပ်ခြင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်းတို့ဆောင်ရွက်သည်။

ထို့နောက် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များကရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်လှေမီးလောင်မှုဖြစ်စဉ်တွင် မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ် ဆယ်ရေးသရုပ်ပြခြင်း၊ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ ခင်းကျင်းပြသခြင်းတို့ဆောင်ရွက်ရာ ဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ရာသို့ တက်ရောက်လာကြသူများကကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)