မိုးညှင်းမြို့၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်

မိုးညှင်း ဇူလိုင် ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စုပေါင်းရုံး ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုဖွင့်လှစ်လိုက်သည့် သင်တန်းတွင် ပို့ချမည့်အကြောင်းအရာများကို ကောင်းမွန်စွာလေ့လာသင်ယူပြီး မိမိတို့ရပ်ရွာဒေသများတွင် ပြန်လည်အသုံးချနိုင်အောင် ကြိုးစား သင်ယူသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလဖိုင်ဇော်ခေါင်က သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပြီးနောက် ၎င်းသင်တန်းအား ဆက်လက်ပို့ချရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြကာ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ဘာသာရပ်ခေါင်းစဉ်များဖြင့် အသီးသီး ပို့ချလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း