ဇီးကုန်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ပြည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်မင်းဦးနှင့် အထူးကုဆရာဝန်ကြီးများအဖွဲ့သည် အထွေထွေရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါနှင့် ခွဲစိတ်အထူးကု၊ ဓာတ်မှန်ဆရာဝန်များနှင့် အထက်တန်းသူနာပြုများသည် အထူးကုဘာသာရပ်များအလိုက် လာရောက်ပြသကြသည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆေးကုသပေးမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကိုကို၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)