သတင်းများ

လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ
Mar 26,2023
မြန်မာနိုင်ငံ၏ လယ်ယာသားငါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော ကုန်သည်စက်မှုအသင်းချုပ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြဟန်၊ ဒေါက်တာကျော်ထွန်းမြင့်၊ ဦးလှဦးနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
ရေကြည်မြို့နယ် အောင်ဆန်း (၃)လမ်း စည်ပင် ပြည်သူပူးပေါင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ
Mar 26,2023
(၇၈)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍရေးနှစ် တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေနှင့် လမ်းနေပြည်သူများ၏ ထည့်ငွေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်‌ ရေကြည်မြို့ အောင်ဆန်း(၃)လမ်း စည်ပင် ပြည်သူ ပူးပေါင်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါ အောင်ဆန်း (၃)လမ်းထိပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေဓာတ်အားလိုင်း (၁၆.၆၇)မိုင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် တောင်သူ (၁၂၄)ဦးအား မြေယာ/ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ
Mar 26,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇)မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ်မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု (၅)အုပ်စုမှာတောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေးပေးအပ်ပွဲကို ယနေ့န့နက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တာချီလိတ်မြို့၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ပြုလုပ်
Mar 26,2023
မတ်လ ၂၇ ရက်နေ့၌ ကျရောက်သည့်  (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များကြီးကြပ်‌ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကျင်းပ
Mar 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်စာကြည့်တိုက်များကြီးကြပ်‌ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ပိုးမွှားအန္တရာယ်ကာကွယ်ရေး အသိပညာပေး
Mar 26,2023
စိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို သိရှိကာ စနစ်တကျ ကာကွယ် နှိမ်နင်းနိုင်ရန်အတွက် ပိုးမွှားအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ၌ ကျင်းပခဲ့သည်။
ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေး
Mar 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်ရည်ရွယ်၍ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အစိုးရရုံးပိတ်ရက်တွင် ဘုရားဖူးများဖြင့် စည်းကား
Mar 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် အစိုးရ ရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်းကားလျက်ရှိကြောင်း ရွှေဆံတော်ဂေါပကဥက္ကဋ္ဌထံမှ သိရသည်။