လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန် မတ် ၂၆

မြန်မာနိုင်ငံ၏ လယ်ယာသားငါးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသော ကုန်သည်စက်မှုအသင်းချုပ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြဟန်၊ ဒေါက်တာကျော်ထွန်းမြင့်၊ ဦးလှဦးနှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် ကော်မတီအနေဖြင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် Agri MSME များနှင့် Exporter များကို ပြုစုပျိုးထောင် ကူညီထောက်ပံ့အားပေးနိုင်ရန်၊ ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာ့လယ်ယာသားငါးထွက်ကုန်များကို Value Added ဖြစ်ရန်၊ Quality ကောင်းမွန်ရန်နှင့်လယ်ယာသားငါးထွက်ကုန် အမျိုးအစားအသစ်များကို တတ်နိုင်သမျှ မြှင့်တင်အားပေးဆောင်ရွက်ခြင်းတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ အဖွဲ့ဝင်များကို ကျွမ်းကျင်မှုနယ်ပယ်အလိုက် တာဝန်ခွဲဝေပေးခြင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် အသင်းချုပ် ညီနောင်အသင်းများနှင့်ချိတ်ဆက်၍ အခက်အခဲများ၊ အကြံပြုချက်များကို စုစည်း၍ စီမံခန့်ခွဲရေးကော်မတီ၊ CEC/EC အစည်းအဝေးများသို့ တင်ပြဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အောင်မြင့်(ပြန်/ဆက်)