သတင်းများ

မယ်စဲ့မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2023
မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများအား လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက် ဝင်ရောက်လေ့လာလည်ပတ်ခွင့် ပြန်လည်ဖွင့်လှစ်
Mar 23,2023
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက်သည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက် လေ့လာလည်ပတ်ရာနေရာတစ်ခု ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် အဆိုပါပြတိုက်အား ဝင်ရောက်လေ့လာလည်ပတ်ခွင့် ယာယီပိတ်ထားခဲ့ရာမှ ယနေ့တွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လေ့လာလည်ပတ်ခွင့် စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
သာစည်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး
Mar 23,2023
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍  အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် မဟာသင်္ကြန်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးဖြစ်သော မြန်မာရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ်လ ၂၀ ရက် နံနက် ၁၀ နာရီတွင်ကျင်းပသည်။
ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို
Mar 23,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ ဆက်လက်ဖြေဆိုကြသည်။
အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ပြုလုပ်
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Mar 23,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မဗိမာန်တော်ကြီးတွင် ရဟန်း၊ သာမဏေများနှင့် သီလရှင်များ အစိုးရဓမ္မစရိယ စာမေးပွဲ ဆက်လက်ဖြေဆို
Mar 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရဓမ္မစရိယစာမေးပွဲ၏ ကျမ်းရင်းသီလက္ခန္ဓပါဠိအဋ္ဌကထာ(၁) ဘာသာရပ်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။