သတင်းများ

ကေ့ာကရိတ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 24,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသားလူငယ်များကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်ပေး 
Mar 24,2023
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် ပြည်သူ့စာကြည့်တိုက်တွင် ပုံမှန်လာရောက်သည့် လူငယ်လူရွယ်များအားကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပြိုင်ပွဲများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲ ဆောင်ရွက်
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် န/လက္ခပ္ပုင်ကျေးရွာတွင် နွေရာသီအားလပ်ရက်များ၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားပေး
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊  န/လက္ခပ္ပုင်ကျေးရွာ ကံဦးကျောင်းတွင် နွေရာသီ အားလပ်ရက်များ၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ငါ့သရောက်မြို့ အိုရင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေ လှူဒါန်း
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အိုရင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်  ဦးဇာနေယာ၏ အကူအညီတောင်းခံလာမှုအရ ကျောင်း တိုက်အတွင်းရှိ ဆရာတော်သံဃာတော်များနှင့်ယောဂီများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး သန်းလှိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဥ် ၁ စီးဖြင့် ယနေ့ ၂၃.၃.၂၀၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က တတိယအကြိမ်အဖြစ် ရေဂါလံ ၁၆၀၀အား ထပ်မံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးငယ်များ စာအုပ်၊ စာစောင် ဖတ်ရှုခြင်းနှင့် အားကစားပစ္စည်းများဖြင့် လာ‌ရောက်ဆော့ကစားခြင်းများ ဆောင်ရွက်
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီကျောင်းပိတ်ရက်များဖြစ်သည့်အတွက် ကလေးငယ်များက စာအုပ်၊ စာစောင်ဖတ်ရှုခြင်းနှင့် အားကစာပစ္စည်းများဖြင့် ရုံးဖွင့်ရက်များတွင် လာရောက်ဆော့ကစားကြကြောင်း သိရသည်။                          
မိုင်းဆတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ
Mar 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း
ညောင်ဦးမြို့နယ် ဝက်သဲကျင်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း
Mar 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စုအတွင်းရှိ ဝက်သဲကျင်းတဲတိုက်သို့ဝေမျှခြင်းပရဟိတမိသားစုက ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ညောင်ဦးမြို့နယ် တောင်းဇင်း အုပ်စုရှိ ဇီးပင်ကြီးတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အ သင်းဦးဝင်းမင်းထွန်းထံကသိရသည်။