ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်လူရွယ်များအား အိမ်တွင်းမှုလုပ်ငန်းဖြင့် ခေါင်းစည်းကွင်းပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Mar 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့အတွင်းရှိ နွေရာသီကျောင်းပိတ်ရက် အားလပ်သောချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန် လူရွယ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် ခေါင်းစည်းကွင်းပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။