သတင်းများ

အိမ်မဲမြို့နယ်တွင် မဟာသင်္ကြန်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်မြန်မာလူမျိုးတို့၏ ရိုးရာနှစ်သစ်ကူးဖြစ်သော မြန်မာရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို မတ်လ ၂၀ ရက် နံနက် ၁၀ နာရီတွင်ကျင်းပသည်။
ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို
Mar 23,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ ဆက်လက်ဖြေဆိုကြသည်။
အိမ်မဲမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ပြုလုပ်
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်
Mar 23,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏ Book Club စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မဗိမာန်တော်ကြီးတွင် ရဟန်း၊ သာမဏေများနှင့် သီလရှင်များ အစိုးရဓမ္မစရိယ စာမေးပွဲ ဆက်လက်ဖြေဆို
Mar 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစိုးရဓမ္မစရိယစာမေးပွဲ၏ ကျမ်းရင်းသီလက္ခန္ဓပါဠိအဋ္ဌကထာ(၁) ဘာသာရပ်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ် ကျိုက်လတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းနှင့် သင်တန်းဆင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉)နာရီခန့်က အမှတ်(၄) ရပ်ကွက်၊ ၉ ဖြတ်လမ်းရှိ ရွှေဧရာအောင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ 
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲကို  ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူအချို့ မိုးဦးသီးနှံစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများသည် မိုးသီးနှံအဖြစ် နှမ်း၊ ပြောင်း၊ ပဲတီစိမ်း၊ ခရမ်း၊ ငရုတ်သီးနှံများနှင့် မီးဖိုချောင်သုံး သီးနှံများစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူအချို့တွင် မိုးကြိုငရုတ်သီးနှံများ စိုက်ပျိုးရန်အတွက် သဘာဝမြေဩဇာအဖြစ် နွားချေးများထည့်သွင်းအသုံးပြု၍ စိုက်ကွက်များ မြေပြုပြင်လျက်ရှိကြောင်း သိရသည်။