သတင်းများ

(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် “တပ်မတော်နေ့အကြောင်း သိကောင်းစရာ” Talk Show ပြုလုပ်
Mar 24,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့  အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက Book Club နှင့် ပူးပေါင်း၍ "တပ်မတော်နေ့အကြောင်းသိကောင်းစရာ" Talk Show ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အခြေခံပန်းအလှပြင်သင်တန်း အမှတ်စဉ် ၉/၂၀၂၃ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Mar 24,2023
ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက်စေရန်နှင့် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေး၊ သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အခြေခံပန်းအလှပြင်သင်တန်း ၉/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်တွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 24,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မှုခင်းကျဆင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေကူမြို့နယ်၌ ပေါင်းနက်ချောင်း ချောင်းကူးတံတား ဖွင့်ပွဲကျင်းပ
Mar 24,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပူခိုင်ကျေးရွာ၌ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရ ရန်ပုံငွေအသုံးစရိတ်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပေါင်းနက်ချောင်း ချောင်းကူးတံတားဖွင့်ပွဲကို မတ်လ ၂၄ နံနက် ၈ နာရီခန့်က အဆိုပါတံတားပေါ်၌ ကျင်းပကြောင်း သိရသည်။
ပွင့်ဖြူမြို့ မစည်ပင်သာယာဈေးကြီး၌ ပြုပြင်ဆောက်လုပ်ပြီးစီးသည့်ဈေးရုံဆိုင်ခန်းများတွင် သန့်ရှင်းသပ်ရပ်စွာ ဈေးရောင်းချနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးကြီးတွင် ပြုပြင်ဆောက်လုပ်ပြီးစီးသည့် အမှတ်(၂) ဈေးရုံ ဈေးဆိုင်ခန်းများ၌ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့်
ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Mar 24,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီမြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်  ထန်းတပင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ကံမမြို့နယ် ကုန်းသောင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး  ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်(အကြို) သတင်းစကားလက်ကမ်းစာစောင်များ မိုးနဲမြို့နယ်၌ဖြန့်ဝေ
Mar 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန