သတင်းများ

တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူအချို့ မိုးဦးသီးနှံစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများသည် မိုးသီးနှံအဖြစ် နှမ်း၊ ပြောင်း၊ ပဲတီစိမ်း၊ ခရမ်း၊ ငရုတ်သီးနှံများနှင့် မီးဖိုချောင်သုံး သီးနှံများစိုက်ပျိုးလျက်ရှိရာ ဒေသခံတောင်သူအချို့တွင် မိုးကြိုငရုတ်သီးနှံများ စိုက်ပျိုးရန်အတွက် သဘာဝမြေဩဇာအဖြစ် နွားချေးများထည့်သွင်းအသုံးပြု၍ စိုက်ကွက်များ မြေပြုပြင်လျက်ရှိကြောင်း သိရသည်။
နွေဦးရာသီကာလ သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ရေလှူဒါန်း
Mar 23,2023
မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်တာဝန်ကြီး ၄ ရပ်အား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်သူ အကျိုးပြုလုပ်ငန်းစဉ်တွင် တစ်ခုအပါအဝင်ဖြစ်သော သောက်သုံးရေလှူဒါန်းခြင်း လုပ်ငန်းများကိုလည်း နှစ်စဉ်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကာလ အခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ
Mar 23,2023
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစား သင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေး လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်း၊ (CFW)လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သော ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်း၊ (CFW)လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်၊ ချီဖွေခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်မည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 23,2023
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကိုကိုအောင်၊ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ)နှင့် ခရိုင်တာဝန်ခံ အင်ဂျင်နီယာ ဦးမုန်းရှငွေ၊ ဦးစီးအရာရှိ (နည်းပညာ) တို့သည် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းတွင်
ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးမှု ရာနှုန်းပြည့်အမြန်ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နွေစပါးလျာထားစိုက်ပျိုးဧက (၁၁၄၁၂)ဧက စိုက်ပျိုးရန်ဆောင်ရွက်ထားရှိရာ တောင်သူများ၏ လယ်မြေများတွင်သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အမြန်စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကြက်သွန်နီများအထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကြက်သွန်နီပွဲရုံများသို့ ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကြက်သွန်နီကုန်ဝင်များလျက်ရှိပြီး စျေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်ရုံး၌ စာဖတ်ဝိုင်းကျင်းပ
Mar 23,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်မျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။