ရေကြည် မတ် ၂၆
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍရေးနှစ် တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေနှင့် လမ်းနေပြည်သူများ၏ ထည့်ငွေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရေကြည်မြို့ အောင်ဆန်း(၃)လမ်း စည်ပင် ပြည်သူ ပူးပေါင်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါ အောင်ဆန်း (၃)လမ်းထိပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေးတို့မှ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည်လည့်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ လမ်းအရှည် (၉၇၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၆)လက်မဖြစ်ကာ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ထည့်ဝင်ငွေ (၁၈.၄၀၁၈၄)သန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း(၁၀၀) စုစုပေါင်း (၂၈.၄၀၁၈၄)သန်းဖြင့် ပူးပေါင်းထည့်ဝင် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)