သံတွဲ မတ် ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သံတွဲ-ကျောက်ကြီး ၆၆ ကေဗွီအေ ဓာတ်အားလိုင်း (၁၆.၆၇)မိုင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် လယ်၊ ဥယျာဉ်မြေနှင့် ကိုင်းမြေများအတွက် ကျေးရွာအုပ်စု (၅)အုပ်စုမှာတောင်သူ ၁၂၄ ဦးအတွက် မြေယာ၊ သီးနှံလျော်ကြေးပေးအပ်ပွဲကို ယနေ့န့နက် ၁၀ နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က မြေယာ/သီးနှံလျာ်ကြေးငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲနိုင်က တောင်သူများအား မြေယာ/သီးနှံလျာ်ကြေးငွေပေးအပ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရမှု အခြေအနေများနှင့် လုပ်ထုံးလုပ်နည်း၊ ငွေစာရင်းစည်းမျဉ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြေယာ/သီးနှံလျာ်ကြေးငွေများကို ပေးအပ်ရာ နန်ချောင်းကျေးရွာအုပ်စုမှ တောင်သူ(၁၄)ဦးအတွက် လျော်ကြေးငွေ ငွေကျပ် ၁၃၂၄၀၀ဝိ/-(တစ်ဆယ့်သုံးသိန်းနှစ်သောင်း လေးထောင်)၊ ပဒဲကောကျေးရွာအုပ်စုမှ တောင်သူ(၂၉)ဦးအတွက် ငွေကျပ် ၄၈၃၂၅၀ဝိ/- (လေးဆယ့်ရှစ်သိန်းသုံးသောင်းနှစ်ထောင့်ငါးရာ)၊ သာယာကွင်းကျေးရွာအုပ်စုမှ တောင်သူ (၁၅)ဦးအတွက် ၁၁၆၇၅၀ဝိ/- ငွေကျပ် (တစ်ဆယ့်တစ်သိန်းခြောက်သောင်းခုနှစ်ထောင်ငါးရာ)၊ မဲနယ်ကွင်းကျေးရွာအုပ်စုမှတောင်သူ (၃၀) ဦးအတွက် ငွေကျပ် ၉၁၈၇၅၀ဝိ/- ( ကိုးဆယ့်တစ်သိန်း ရှစ်သောင်းခုနှစ်ထောင်ငါးရာ)နှင့် ကညင်ကွင်းကျေးရွာအုပ်စုမှ တောင်သူ (၃၆)ဦးအတွက် ငွေကျပ် ၈၁၇၄၀၀ဝိ/- (ရှစ်ဆယ့်တစ်သိန်းခုနှစ်သောင်းလေးထောင်) စုစုပေါင်းတောင်သူ (၁၂၄)ဦးအတွက် လျော်ကြေးငွေ ၂၄၆၈၅၅၀ဝိ/- (ငွေကျပ် နှစ်ရာလေးဆယ့်ခြောက်သိန်း ရှစ်သောင်းငါးထောင်ငါးရာ) တိတိကို သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲနိုင်၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာဦးတင်မြင့်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက တောင်သူတစ်ဦးခြင်း လက်ဝယ်ရောက်စနစ်တကျ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ မြေယာ/သီးနှံလျာ်ကြေးငွေ ပေးအပ်မှုအပေါ် ဒေသခံတောင်သူများ၏ ရင်းတွင်းစကားသံကို ယခုလိုကြားသိခဲ့ရပါသည်။
သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စုမှတောင်သူဦးတင်ဖေက ယခုလိုကျွန်တော်တို့အပေါ် နိုင်ငံတော်က ထောက်ပံ့ကြေးအနေနဲ့ပေးသည့်အတွက် အားလုံးဝမ်းသာအားရဖြစ်မိပါကြောင်း၊ ကျွန်တော်တို့ကလည်း နိုင်ငံတော်အပေါ် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကြည်ကြည်ဖြူဖြူနဲ့ ဝမ်းမြောက်ဝမ်းသာပေးအပ်နိုင်ပါကြောင်းနှင့် ယခုလို ၂၄ နာရီ လျှပ်စစ်မီး ရရှိသည့်အတွက် ပိုပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ အရင်အချိန်က လျှပ်စစ်မီးမရရှိခဲ့ပါ၊ ယခုမီးရရှိသည့်အတွက် နေချင်သလိုနေ စားချင်သလိုစား ဆိုသလို ထင်းဖိုးကုန်ကျမှုမရှိဘဲ ထမင်းဟင်းများကို လွယ်ကူစွာချက်ပြုတ်စားသောက်နေထိုင်နိုင်ပြီးဖြစ်သည့်အတွက် နိုင်ငံတော် အကြီးအကဲများ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မဲနယ်ကွင်းကျေးရွာအုပ်စုမှ တောင်သူဦးတင်လှက နိုင်ငံတော်ကပေးသည့် မြေယာ/သီးနှံလျာ်ကြေးငွေ(ငါးသောင်းကျပ်တိတိ)ကိုရရှိပါကြောင်း၊ နိုင်ငံတော်က အခုလို မြေယာလျော်ကြေးငွေများပေးအပ်သည့်အတွက် အထူးဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ နိုင်ငံတော်က ပြည်သူတွေအပေါ် ယခုလိုစနစ်တကျ ပေးအပ်သည့်အတွက် နိုင်ငံတော်အကြီးအကဲများအား ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။
သန့်ဇင်(ခရိုင်ပြန် /ဆက်)