ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေး

ပုဇွန်တောင် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်ရည်ရွယ်၍ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များအားမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက်ရောင်းချပေးရာတွင် ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်ဦးဆောင်၍ စားသုံးဆီ (၁)ပိဿာ (၅၆ဝဝိ/-) (ဆီဗူးအပါ)၊ ကြက်ဥ(၁)လုံး (၂၃ဝိ/-)၊ အာလူး ၁ ပိဿာ(၁)ထုပ် (၂၂၀ဝိ/-)၊ ကြက်သွန်နီ- ၁ ပိဿာ (၁)ထုပ် (၁၇၀ဝိ/-)နှင့် ကြက်သွန်ဖြူ- ၁ ပိဿာ (၁)ထုပ် (၄၈၀ဝိ/-)နှုန်းများဖြင့် နံနက် ၉ နာရီမှ ၁၁ နာရီထိ လာရောက်ရောင်းချပေးရာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။ အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ ဈေးရောင်းချပေးမှုအပေါ် လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်