မိုင်းယောင်းမြို့၌ ပိုးမွှားအန္တရာယ်ကာကွယ်ရေး အသိပညာပေး

မိုင်းယောင်း မတ် ၂၆

စိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို သိရှိကာ စနစ်တကျ ကာကွယ် နှိမ်နင်းနိုင်ရန်အတွက် ပိုးမွှားအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ၌ ကျင်းပခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် လက်ထောက်ဦးစီးမှူး ဦးစိုင်းသီဟကျော်တို့က ဈေးကွက်ဝင် အရည်အသွေးကောင်း သီးနှံမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားအန္တရာယ် စနစ်တကျကာကွယ်နှိမ်နင်းရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း