လှည်းကူးမြို့နယ်တွင် ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ
Apr 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် တွင်၁၃၈၅ ခုနှစ် နှစ်သစ်အခါသမယ၌ မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ငမိုးရိပ်ဆည်အတွင်းသို့ ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့ (နှစ်ဆန်းတစ်ရက်)နံနက် ၉ နာရီကဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ငမိုးရိပ်ဆည်၌ ကျင်းပခဲ့ကြောင်းသိရသည်။