အမ်းခရိုင် အမ်းမြို့၌ အသက်(၈၅)နှင့်အထက်ဘိုးဘွားများအားသက်ကြီးပူဇော်ပွဲကျင်းပ

အမ်း   ဧပြီ ၁၇

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အသက်(၈၅)နှစ် အထက်ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက် (၉)နာရီအချိန် ရွှေအမ်းတောင်ခန်းမ၌ ကျင်းပခဲ့သည်။

 အခမ်းအနားတွင် သက်ကြီးအဘိုး အဘွားများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက အဘိုးအဘွားများသို့တစ်ဦးလျှင် အလှူငွေနှင့် အလှူပစ္စည်းများအား ပေးအပ်လှူဒါန်းရာ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့က ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။

 ဆက်လက်၍ ခရိုင်၊ မြို့နယ် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြသည့် အဘိုးအဘွားများသို့ လက်သည်း၊ ခြေသည်းများညှပ်ပေးပြီးကောင်းမှုကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။

 မြို့နယ်ပြန်/ဆက်